|
မြန်မာဗီဇာဆိုက်ရောက်စနစ်ဖြင့်ထုတ် |
|
Monday, 08 September 2008 |
|
မြန်မာနိုင်ငံ သို့ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားကြသူ နိုင်ငံတကာမှ ခရီးသည်များ အတွက်ကြိုတင် စီစဉ်ရန် တစ်စုံတစ်ရာမလိုဘဲ လေဆိပ်တွင် ဆိုက်ရောက် စနစ်ဖြင့်ထုတ်ပေးမည့် ရာနှုန်းပြည့် Visa on Arrival(VOA) ဆိုက်ရောက် ဗီဇာစနစ်ကို လာမည့်ခရီးသွား ရာသီတွင်စတင်ကျင့် သုံးနိုင်ရန် အစိုးရအဖွဲ့တာ ဝန်ရှိသူများ စီစဉ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဆိုက်ရောက် ဗီဇာစနစ် ကိုအစိုးရက မြန်မာနိုင်ငံ သို့လာရောက် ကြသည့် နိုင်ငံတကာ ခရီးသည်များ အနက်နိုင်ငံအချို့ကို ပထမအဆင့် စမ်းသပ်၍ ခွင့်ပြုပေးသွား ဖွယ်ရာရှိနေသည်ဟု ခရီးသွား လုပ်ငန်း ကုမ္ပဏီများ ထံမှသတင်း ရရှိသည်။ နိုင်ငံတကာတွင် ရှိသော မြန်မာသံရုံးများမှ တစ်ဆင့် မြန်မာနိုင်ငံ ပြည်ဝင် ခွင့်ဗီဇာ လျှောက်ထား ကြသူများကို လည်းလက်ခံ ဆောင်ရွက် ပေးလျက်ရှိပြီး မြန်မာနိုင်ငံ ဝင်ခွင့်ဗီဇာ ရရန်ဘေဂျင်းတွင် ၄ ရက်၊ ဂျာကာတာ တွင်၂၄နာရီ၊ ပဲရစ်တွင် ၅ ရက်၊ လန်ဒန်တွင် ၃ ရက်၊ ဘန်ကောက်တွင် ၂ ရက်၊ တိုကျိုတွင် ၅ ရက်၊ စင်ကာပူတွင် နှစ်ရက် အကြာတွင် ထုတ်ပေးလျက် ရှိသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
|
Last Updated ( Monday, 08 September 2008 )
|
|
လူဖန်တီးသောမိုးကြိုးမုန်တိုင်း |
|
Monday, 08 September 2008 |
|
တရုတ် သိပ္ပံ အကယ်ဒမီသည် မုန်တိုင်း ဖြစ်ပေါ်နေစဉ်အတွင်း ဒုံးပျံပစ်လွှတ်၍ မိုးကြိုး ပစ်ချစေသည့် နည်းစဉ် တစ်ခုကို စမ်းသပ် အောင်မြင် ခဲ့သည်ဟု ၎င်းဌာနမှ ထုတ်ပြန် ကြေငြာသည်။ ဇွန်လ အတွင်းက ရှန်ဒုံးပြည်နယ်တွင် အလွန် တိကျမှုရှိသော စမ်းသပ်မှုများကို ဆောင်ရွက်စဉ် အတွင်း လူဖန်တီးသော မိုးကြိုး နှင့်ပတ်သက်၍ အလင်းရောင် ပြင်းအား၊ လျှပ်စစ်ဓါတ် ဖြစ်ပေါ်မှု၊ သံလိုက် စက်ကွင်း၊ လျှပ်စစ် လှိုင်းများ ဖြစ်ပေါ်မှု စသည်တို့နှင့် ပတ်သက်သော အချက်အလက်များ တိကျစွာ စုဆောင်း ရရှိခဲ့သည်ဟု ပြောကြားသည်။ နောင်တွင် မိုးကြိုးပစ်ခြင်းနှင့် ပတ် သက် သော စက်မှုပိုင်း ဆိုင်ရာ အချက်အလက်များ မိုးကြိုး မုန်တိုင်းများ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းကို ကာကွယ်ခြင်း၊ စသည်တို့ကို ကြိုတင်ပြန်ကြားပေးနိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ထုတ် ဖော်ပြောဆိုသည်။(ဆင်ဟွာ) |
|
|
Export Import License and Online-Application |
|
Friday, 05 September 2008 |
|
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခွန်အကောက် ဆိုင်ရာလုပ်ငန်း ကော်မတီက ကြီးမှူး၍ A & T International Co.,Ltd ၏ ပံ့ပိုး ကူညီမှုဖြင့် စီးပွားရေး ပညာပေးဆိုင်ရာ ဟောပြောပွဲကို စက်တင်ဘာ ၅ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI Office Tower ပထမထပ် မင်္ဂလာခန်းမ၌ ကျင်းပမည်ဖြစ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခေတ္တညွှန်ကြားရေးမှူး ဦးမင်းမင်းက“Export Import License and Online-Application” ခေါင်းစဉ်ဖြင့် ဟောပြော မည်ဖြစ်ကြောင်း နှင့် ပြည်ထောင်စု မြန်မာနို်င်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် နိုင်ကြောင်း ၂၀၀၈ခုနှစ် စက်တင်ဘာလ ၅ရက်နေ့ထုတ် ကြေးမုံ သတင်း စာတွင်ဖော်ပြထားပါသည်။ |
|
Last Updated ( Friday, 05 September 2008 )
|
|
|
ASEANပူးပေါင်းဆောင်ရွက်မှုစီမံချက်သစ် |
|
Wednesday, 03 September 2008 |
|

အာဆီယံ အဖွဲ့က ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းမှု ပိုမိုနီး ကပ်စွာ ဆောင်ရွက်ရေး တွန်းအားပေးသည့် ပြည့်စုံ ကျယ်ပြန့်သော စီိမံချက် သစ်များကို ယမန်နေ့က ဖွင့်ချ ပြလိုက်သည်။ အဆိုပါ နှံ့စပ် ထိရောက်သော အဆိုပြု ချက်များတွင် အကောက်ခွန်မဲ့ အတားအဆီးများ ဖျက်သိမ်းခြင်းနှင့် သွားဆရာဝန်များ နှင့် ဆရာဝန်များကဲ့သို့ ကျွမ်းကျင် ပညာရှင်များ နယ်စပ် ဖြတ်ကျော်မှု လွယ်ကူချော မွေ့စေခြင်း တို့ပါဝင်သည်။ အကြိမ် (၄၀) မြောက်အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဝန်ကြီးချုပ် လီရှန်လွန်းက အဆိုပါ စီမံချက်များ နှင့်ပတ်သက် ၍ လိုရင်း အချုပ်ပြော ဆိုကာရှေ့တွင်တွေ့ရမည့်စိန်ခေါ်မှုများ ကိုပါမီးမောင်းထိုးပြသည်။ “ခိုင်မာပြီး စည်းမျဉ်းစည်း ကမ်းအခြေခံတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စနစ်ဟာစီးပွားရေး အားလုံးအတွက် ဆက်လက်ဖွံ့ဖြိုးရေးနဲ့ ချမ်းသာ ကြွယ်ဝ ရေးအတွက် အကောင်းဆုံး အောင်မြင်မှု လမ်းစဖြစ်တယ်”ဟု ပြောဆိုသည်။ “ဒါကြောင့် ကျွန်တော်တို့ဟာ မကြာမီ က ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲတွေကို ကျော်ပြီး ဘက်စုံကုန်သွယ်ရေး လွတ်လပ်မှု ကိုဆက်လက် တွန်းအားပေးဖို့ အရေး ကြီးပါတယ်”ဟု လီကပြောဆိုသည်။ ကုန်သွယ်ရေး လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အခွန်အေကာက်အတား
အဆီးများကို ကျော်လွန်ခွင့်ပြုမည့် အာဆီယံ ကုန်စည်သဘော တူညီချက်သစ်နှင့် ပတ်သက်၍ အနှစ်သာရရှိသည့် နိဂုံးချုပ် အဖြေတစ်ခုရရှိခဲ့ခြင်း ဖြစ်ကြောင်းလီက ထုတ်ဖော်ပြောဆိုသည်။ အဆိုပါ သဘောတူညီချက် များကိုယခု နှစ်ကုန်တွင် လက်မှတ်ရေးထိုး ကြမည်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် တွင်ဖော်ပြထားပါသည်။ |
|
Last Updated ( Wednesday, 03 September 2008 )
|
|
|
အခွန်ကင်းလွတ်ခွင့်ဂျပန်ပေးမည် |
|
Monday, 01 September 2008 |
|
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံများ၏ ကုန်သွယ်မှု ၉၀ရာခိုင်နှုန်း ခန့်ကို အကောက် ခွန်ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်၍ မြန်မာ ဂျပန် ကုန်သွယ်မှု ပိုမို ဆောင်ရွက် နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အကောက်အခွန် ကင်းလွတ်ခွင့်ကို ၁၀နှစ်ခန့် အထိယာယီ သတ်မှတ် ထားကြောင်း နှင့်အာဆီယံ-ဂျပန်ကုန်သွယ်မှုလုပ်ငန်းများမှ ၉၀ရာခိုင်နှုန်းကျော် အကောက် အခွန်ကင်း လွတ်ခွင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့ သို့အကောက်အခွန် ကင်း လွတ်ခွင့်မှာ အာဆီယံ-ဂျပန် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်အား လက်မှတ် ရေးထိုး ပြီးနောက် ဖြစ်ပေါ် လာသောအကျိုးရလဒ် တစ်ခု ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံနှင့် အများ ဆုံးကုန်သွယ်မှု ပြုသော ပစ္စည်းများ တွင်သွင်းကုန်အဖြစ် လျှပ်စစ်နှင့် အီလက် ထရွန်းနစ် ပစ္စည်းများ တင်သွင်းမှုများ ကာ ပို့ကုန်အဖြစ် အ၀တ်အထည်များ တင်ပို့မှု များနေကြောင်း၊ ယင်းကဲ့သို့ အခွန်ကင်း လွတ်ခွင့်ပြုသည့် အတွက် ဂျပန်နှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုများ အား ယခင်ကထက် ပိုမိုလာနိုင်ကြောင်း မြန်မာ့ အထည်ချုပ် လုပ်ငန်းရှင်တစ် ဦးကသုံးသပ် ပြောကြားခဲ့ ကြောင်း ၂၀၀၈ခုနှစ်စက်တင်ဘာလ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ
ထားပါသည်။ |
|
|
မြန်မာ စာရင်းကိုင်နှင့် ဆရာဝန်များ |
|
Saturday, 30 August 2008 |
|
အာဆီယံဒေသအတွင်း မည်သည့် နိုင်ငံတွင်မဆို မြန်မာနိုင်ငံ အပါအဝင် သက်ဆိုင်ရာ အစိုးရက အသိ အမှတ်ပြုထားသော စာရင်းကိုင်၊ ဆရာဝန်နှင့် သွားဘက်ဆိုင်ရာ ဆရာဝန်များ သွားရောက် တာဝန် ထမ်းဆောင်နိုင် မည့်သဘော တူညီချက်တစ်ရပ်ကို စင်ကာပူနိုင်ငံတွင် ကျင်းပသော အာဆီယံ စီးပွားရေး ဝန်ကြီးများ၏နှစ်ပတ်လည် အစည်းအဝေး တွင်သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။ ဤစာချုပ် အရအာဆီယံနိုင်ငံ တစ်ခုသည် အခြားနိုင်ငံ တစ်ခုက သတ်မှတ်ထားသောစာရင်းကိုင်၊ သွားဘက်ဆိုင်ရာဆေးပညာနှင့် ဆေးပညာဆိုင်ရာအရည်အချင်းတို့ကို အသိအမှတ်ပြု ရမည်ဖြစ်သည်။ ဤစာချုပ်မှာ ASEAN Farmework Agreement on Services (AFAS) ခေါ် အာဆီယံ ဒေသတွင်း ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး မြှင့်တင်ရန်အတွက် စီမံကိန်း ချထားသော အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ (AFAS)သည်အာဆီယံနိုင်ငံ များအချင်းချင်း အကြား ဖွံ့ဖြိုးမှုနှုန်း ကွာခြားသော်လည်း ဝန်ဆောင်မှုကဏ္ဍကို ရောင်းဝယ်ရာတွင် ကွာခြား ဆက်ဆံမှုမရှိစေရန် ရည်ရွယ်၍ အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ အာဆီယံ ဒေသတွင်း၌ စာရင်းကိုင်၊ ဆရာဝန်၊ သွားဆရာဝန်တို့၏ လွတ်လပ်စွာ အလုပ်လုပ်နိုင်ခွင့်ကို အသိအမှတ်ပြု လိုက်သည့်အပြင် ဗိသုကာပညာရှင်များ၊ မြေတိုင်း ပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သူနာပြုများကိုပါအသိအမှတ်ပြုသည့် စာချုပ်များ ချုပ်ဆိုပြီးဖြစ်သည်။ ယခုချုပ်ဆိုလိုက်သော စာရင်းကိုင်များလွတ်လပ်စွာ ကူးသန်းခွင့် စာချုပ်အရအခြား အာဆီယံနိုင်ငံတစ်ခုတွင် အလုပ်လျှောက်ထားသော မြန်မာစာရင်း ကိုင်တစ်ဦး သည်မြန်မာနိုင်ငံအစိုးရက ကျွမ်းကျင်အဆင့် အဖြစ်အသိအမှတ်ပြုရန် သတ်မှတ်ထားသော လိုအပ်ချက်များ ပြည့်မီရမည်ဖြစ်ပြီး အစိုးရက စာရင်းကိုင်အဖြစ် လုပ်ကိုင် နေသူတစ်ဦးအဖြစ် အသိအမှတ်ပြုထား သောအထောက်အထား ရှိရမည်ဖြစ်သည်။ အာဆီယံဒေသတွင်း ပညာရှင်များ လွတ်လပ်စွာ စီးဆင်းခွင့်စာချုပ်ကြောင့် မြန်မာနို်င်ငံမှ စာရင်းကိုင် ပညာရှင်အများအပြား ပြည်ပတွင် အလုပ်အကိုင်များ ရရှိနေသဖြင့် မိခင်နိုင်ငံအနေဖြင့် ၄င်း တို့၏လွှဲပို့ငွေများ ကိုလက်ခံရရှိမည့် အကျိုးကျေးဇူး များရှိသော်လည်း တစ်ဖက် တွင် ဦးနှောက် ယိုစီးမှုကိုလည်း ကြုံတွေ့ နိုင်ကြောင်း ရွှေ့ပြောင်း လုပ်အားများ အကြောင်းကို ထဲထဲ ဝင်ဝင်ေ လ့လာနေသူ စီးပွားရေး ပညာရှင် တစ်ဦးကသုံး သပ်ပြောကြားကြောင်း ၂၀၀၈ခုနှစ် စက်တင်ဘာလ ၁ရက်နေ့ထုတ် The Voice ဂျာနယ် တွင်ဖော်ပြထားပါသည်။ |
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 1 - 7 of 103 |